သီတင်းကျွတ်လ

အသေးစိတ် အချက်အလက်များ

သီတင်းကျွတ်ပွဲတော်ညများတွင် ဝတ်အသင်းများမှ ပရိတ်၊ ပဋ္ဌာန်း၊ ဓမ္မစကြာ ဝတ်ရွတ်စဉ်များကို ရွတ်ဆိုပူဇော်ကြပြီး စေတီတော်ကြီး၏ ဝေယျာဝစ္စအသင်းများမှ စေတီတော်ရင်ပြင်တွင် ဆီမီးပူဇော်လေ့ရှိကြပါသည်။ ပန်းရထားပျံဖြင့် စေတီတော်ကြီးသို့ ရွှေသင်္ကန်းကပ်လှူခြင်းကိုလည်း ကျင်းပပူဇော်လေ့ရှိပါသည်။