ဝါဆိုလ

အသေးစိတ် အချက်အလက်များ

ဝါဆိုသင်္ကန်းကို စေတီတော်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများကို နှစ်စဉ်ဆက်ကပ်မြဲ ဖြစ်ပါသည်။ ယခုနှစ်တွင်မူ ပထမအကြိမ် ရန်ကင်းမြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကြီးကို စေတီတော်ဝင်း အတွင်းရှိ အရိယာဓမ္မာရုံကြီးတွင် တင့်တယ်ခမ်းနားစွာ ကျင်းပနိုင်ခဲ့ပါသည်။ မိမိတို့ မြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း (၄၅)ကျောင်းမှ ဆရာတော်၊ သံဃာတော်များကို ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။