ကဆုန်လ အသေးစိတ် အချက်အလက်များ ကဆုန်လညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်ရင်ပြင်တော် အရှေ့တောင်ထောင့်ရှိ ဗောဓိညောင်ပင်ကြီးတွင် ညောင်ရေသွန်းလောင်းပါသည်။ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ စေတီတော်ကြီး၏ ဝေယျာဝစ္စအသင်းများ၊ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ စုံညီစွာ စည်ကားသိုက်မြိုက်စွာဖြင့် ညောင်ရေသွန်းလောင်းမြဲ ဖြစ်ပါသည်။