ဘုန်းရှင် ကံရှင်စေတီတော်

အသေးစိတ် အချက်အလက်များ

ရင်ပြင်တော် တနင်္ဂနွေထောင့်၊ အတုမရှိလောကမာန်အောင် ရွှေသာလျောင်း ဓမ္မာရုံကြီးရှေ့တွင် တည်ရှိပါသည်။ ဉာဏ်တော် (၄)ပေ ရှိသော တင်ပလ္လင်ခွေဗုဒ္ဓဆင်းတုတော်ကြီးတစ်ဆူ စံနေတော်မူပြီး လက်ယာဘက်တွင် ရှင်သီဝလိမထေရ်မြတ်နှင့် လက်ဝဲဘက်တွင် ရှင်ဥပဂုတ္တမထေရ်မြတ်တို့ စံနေတော်မူပါသည်။ ကံပွင့်ယိုစုံမိသားစုမှ ဖခင်ကြီးကို ရည်စူးပြီး (၁၉၉၇)ခုနှစ်တွင် လှူဒါန်းထားသော ကုသိုလ်တော် ဖြစ်ပါသည်။