သောကြာဂူဘုရားစေတီ

အသေးစိတ် အချက်အလက်များ

သောကြာဂြိုဟ်တိုင်အနီးတွင် တည်ရှိသည်။  ဆင်းတုတော်ကြီးတွင် သက္ကရာဇ်(၁၂၆၇)၊ ဟံသာဝတီ စီရင်စု၊ ကုန်းတန်းတိုက်အပိုင် ကံဘဲ့ရွာနေ မခင်ကောင်းမှု ဟူသော ကမ္ပည်းကို တွေ့ရှိရပါသည်။ မချစ်ချစ်နှင့် မနှင်းဆီချစ် ညီအစ်မနှစ်ဦး၏ ပြန်လည်မွမ်းမံသော ကမ္ပည်းတွင် ရှင်စောပု မယ်တော်ကြီးအား အမှူးထား၍ ဘဝတစ်ပါးသို့ ပြောင်းရွှေ့သွားသော ဖခင် ဦးမောင်မောင်ချစ်၊ မိခင် ဒေါ်မိမိကြီးနှင့် ဆွေတော်မျိုးတော်များကို ရည်စူး၍ဟု ရေးထိုးထားပါသည်။ သောကြာဂူဘုရားစေတီနှင့် ဦးရွှေမှန်-ဒေါ်မှန်ခဲစေတီတို့ အကြားတွင် မြေပေါက်အရံစေတီတော် တစ်ဆူရှိပါသည်။ နှစ်ဘက်မိဘများ ဖြစ်ကြသော ဦးအုန်းကြွယ်+(ဒေါ်ခင်ကြိုင်)၊ ဦးစံလှ+(ဒေါ်စိုးမြ) တို့အား ရည်စူးအမှူးထား၍ ဦးကျော်ဇင်ထွေး+ ဒေါ်ကျော့ကျော့စံ(FL USA) ဟု ကမ္ပည်းထိုးထားပါသည်။