ဥဒ္ဒိသာသစ္စာစေတီ

အသေးစိတ် အချက်အလက်များ

ရင်ပြင်တော် စနေထောင့်တွင် တည်ရှိသော ဂူဘုရားစေတီ ဖြစ်ပါသည်။ မိုးကောင်းဆုတောင်းပြည့်စေတီ အဓိဋ္ဌာန်ပါရမီရှင်များအဖွဲ့၊ ရန်ကင်းမြို့နယ်၊ ရန်ကုန် ဟူသော ကမ္ပည်းကို တွေ့ရှိရပါသည်။ ဂူအတွင်းတွင် စံပါယ်တော်မူသော ဘုရားဆင်းတုတော် အလှူရှင်မှာ ဦးမှတ်ကြီးနှင့် ဒေါ်တင် မိသားစုဟု ကမ္ပည်းရေးထိုးထားပါသည်။ မိဘများဖြစ်သည့် ဦးတင်ရွှေ-ဒေါ်ရီရီမြင့် တို့ကို ဦးထိပ်ထား၍ ဗိုလ်မှူး ထင်ကျော်ဝင်း(ငြိမ်း)+ဒေါ်မေရီရှင်း၊ သမီး-အိန္ဒြာထင်ကျော်ဝင်း၊ သမီး -မြတ်မှူးသခင်၊ သား- ဟိန်းထက်ကျော် မိသားစုမှ ပြန်လည်မွမ်းမံထားပါသည်။