ဦးဘိုးညွန့်-ဒေါ်မိန်းခလေး ဂူဘုရားစေတီ အသေးစိတ် အချက်အလက်များ အင်္ဂါဂြိုဟ်တိုင်အနီးတွင် တည်ရှိသည်။ ၁၂၈၇ ခု၊ ပြာသိုလဆန်း(၁၀)ရက်၊ ကံဘဲ့ရွာနေ ဘုရားဒါယကာ ဦးဘိုးညွန့်၊ ဒါယိကာမ ဒေါ်မိန်းခလေး ဟူသည့် ကမ္ပည်းကို တွေ့ရှိရပြီး ဦးဘိုးညွန့်-ဒေါ်မိန်းကလေး၊ ဦးဘိုးလွင်-ဒေါ်သီ၊ ဦးစံရွှေ-ဒေါ်အေးမြိုင် တို့ကို ရည်စူး၍ ဦးသိန်းညွန့်-ဒေါ်အေးမြင့်တို့မှ (၂၀၀၀)ခုနှစ်တွင် ပြန်လည်မွမ်းမံပြုပြင်ထားသည့် ကမ္ပည်း ကိုလည်း တွေ့ရှိရပါသည်။