ဦးရွှေမှန်-ဒေါ်မှန်ခဲ ဂူဘုရားစေတီ အသေးစိတ် အချက်အလက်များ တနင်္ဂနွေဂြိုဟ်တိုင်နှင့်မြောက်ဘက်မုခ်ဦး အာရုံခံတန်ဆောင်းအကြားတွင် တည်ရှိ ပါသည်။ ကောဇာသက္ကရာဇ် ၁၂၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း (၁၀)ရက်နေ့၊ ကံဘဲ့ရွာနေ ဘုရားဒါယကာ ဦးရွှေမှန်၊ ဘုရားဒါယိကာမ ဒေါ်မှန်ခဲ သားသမီးတစ်စုတို့ကောင်းမှုဟု ကမ္ပည်းထိုးထားပါသည်။ ဦးရွှေမှန် – ဒေါ်မှန်ခဲ တို့၏ သမီး ဒေါ်ငွေယုံ၊ သား-ဦးထွန်းလှ-ဒေါ်သိန်းရှင်၊ မြေး-ဦးပန်းညို-ဒေါ်ကြည် တို့မှ ပြန်လည်မွမ်းမံထားသည်ကိုလည်းတွေ့မြင်ရပေသည်။