စေတီတော်အထက်ပစ္စယံရှိ အရံစေတီတော် (၂၄)ဆူ အသေးစိတ် အချက်အလက်များ အရံစေတီတော် (၂၄)ဆူမှာ ပျမ်းမျှဉာဏ်တော်အမြင့် ၁၈’ ခန့်ရှိသည်။ အရှေ့ဘက်တွင် (၇)ဆူ၊ တောင်ဘက်တွင် (၆)ဆူ၊ အနောက်ဘက်တွင် (၆)ဆူနှင့် မြောက်ဘက်တွင် (၅)ဆူ တို့ဖြစ်ပါသည်။ မူလကမ္ပည်းများမှာ ပျက်စီးခဲ့ပြီး မွမ်းမံအလှူရှင်များ၏ ကမ္ပည်းများကိုသာ တွေ့မြင်ရပါသည်။ အစောဆုံးတွေ့ရှိရသော မွမ်းမံအလှူရှင်၏ ကမ္ပည်းတွင် မလှိုင်၊ တာမွေကလေးရပ်၊ (၁၃၁၂)ခုနှစ်ဟု တွေ့ရပါသည်။