ကမ္ဘာလုံးကပ်ကျော်တံခွန်တိုင်ဘုရား

အသေးစိတ် အချက်အလက်များ

စေတီတော်ကြီး၏ အနောက်ဘက်မုခ်တွင် ရှိပါသည်။ ကမ္ဘာစောင့်နတ်မင်းကြီး လေးပါးက စောင့်ကြပ်နေသော ကမ္ဘာလုံးအပေါ် တံခွန်တိုင်ထိပ်တွင် ဘုရားလေးဆူက သီတင်းသုံးနေပုံဖြစ်သည်။ နတ်မင်းကြီးလေးပါးမှာ တစ်ပါးက ပိဋကတ်သုံးပုံကို ကိုင်ထားသည်။ တစ်ပါးက ငွေခရုကို ကိုင်ထားသည်။ တစ်ပါးက သားမြီးယပ်ကို ကိုင်ပြီး နောက်တစ်ပါးက ပေနှင့်ကညစ်ကိုကိုင်ကာ ရေးမှတ်နေပုံကို ကြည်ညိုဖွယ်ရာ တွေ့မြင်ရပေသည်။