ရွှေစေတီ

အသေးစိတ် အချက်အလက်များ

စေတီတော်ရင်ပြင်တော် အနောက်မြောက်ထောင့်တွင် တည်ရှိပါသည်။ အာရုံခံတန်ဆောင်းအတွင်း ရွှေစေတီကို တည်ထားခြင်းဖြစ်သည်။ ပလ္လင်ခုံအပါအဝင် ဉာဏ်တော် (၁၇)ပေ မြင့်ပါသည်။ အများကောင်းမှုဖြစ်ပါသည်။ မူလတန်ဆောင်းအလှူရှင်များမှာ ဦးမောင်+ဒေါ်စာဥ ၊ ဦးပက်ခွန့်+ဒေါ်ရွှေမှဲ့ တို့ဖြစ်ပြီး ကွယ်လွန်သူ ဒေါ်ဖွားခင်၊ ဒေါ်ဖွားရင်၊ ဒေါ်ဖွားသင်၊ ဒေါ်အေးတင်၊ ဒေါ်အေးရှင်၊ ဒေါ်အေးခင်၊ ဒေါ်လှခင် တို့ကို ရည်စူးပြီး (ဦးခင်ကြည်+ဒေါ်ပြုံး) ခင်ကြည်ဖန်စက် မိသားစုမှ ပြန်လည် မွမ်းမံထားခြင်းဖြစ်သည်။ တန်ဆောင်းအတွင်းတွင် ရှင်သီဝလိရဟန္တာမြတ်နှင့် ရှင်ဥပဂုတ္တ မထေရ်မြတ်တို့ သီတင်းသုံးလျှက်ရှိပါသည်။