လာဘမုနိဘုရား

အသေးစိတ် အချက်အလက်များ

မိုးကောင်းဆုတောင်းပြည့်စေတီတော်ဝင်း အနောက်တောင်ထောင့်တွင် တည်ရှိပါသည်။ ဆင်းတုတော်ကြီးမှာ ဉာဏ်တော် (၆)ပေ  (၆)လက်မ မြင့်ပြီး အလှူရှင်မှာ ကွယ်လွန်သူ မိခင်ဖခင် ဦးဘွန်ငါး -ဒေါ်စိန်ပုအား ရည်စူး၍ ဒေါ်ဘီကျူး၊ ဒေါ်ဘီတင်း၊ ဒေါ်ဘီနွမ်း၊ ဦးဟန်စိန် သားသမီး မြေးမြစ်တစ်စုကောင်းမှု၊ အမှတ်(၄) မိုးကောင်းဘုရားလမ်း၊ ကျောက်ကုန်းဖြစ်ပါသည်။ ပလ္လင်အလှူရှင်မှာ (ဦးသီကြူး) – ဒေါ်အုံးတင် မိသားစု မိုးကောင်းကဖီး ဖြစ်ပါသည်။ မွမ်းမံအလှူရှင်များမှာ ဗိုလ်မှူး ကျော်ကျော်-ဒေါ်ဖြိုးဝေအေး နှင့် ဦးမောင်မောင်ညွန့် – (သူစင်ကြယ်) ရန်ကင်းသူ/သားများ ကောင်းမှုဖြစ်ပါသည်။