တန်ခူးလ

အသေးစိတ် အချက်အလက်များ

ဘုရားဖူးများသည် တန်ခူးလ မဟာသင်္ကြန်ပွဲတော်ရက်များအတွင်း စေတီတော်ရင်ပြင် ပေါ်ရှိ ဂြိုဟ်တိုင်များတွင် ဂြိုဟ်ပြေနာမ်ပြေ ဆုတောင်းရေသပ္ပာယ်ခြင်း၊ ဆိုင်ရာဂြိုဟ်တိုင်များ တွင် အတာအိုးများ ဆက်ကပ်၍ ဆုတောင်းပူဇော်ခြင်းတို့ကို ဆောင်ရွက်လေ့ရှိကြပါသည်။ နှစ်ဆန်း(၁)ရက်နေ့ နံနက်တွင် ရန်ကင်းမြို့နယ်တစ်နယ်လုံး အန္တရာယ်ကင်း၊ ဘေးရှင်းရန်အတွက် မြို့နယ်သံဃနာယကအဖွဲ့မှ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့တို့ပူးပေါင်းကာ ပရိတ်ရွတ်ခြင်း၊ ပရိတ်ရေများ ပက်ဖြန်းခြင်းတို့ကို ဆောင်ရွက်ကြပါသည်။