မင်္ဂလာမော်ကွန်းကျောက်စာ

အသေးစိတ် အချက်အလက်များ

မင်္ဂလာမော်ကွန်းကျောက်စာသည် တနင်္ဂနွေဂြိုဟ်တိုင် အနီးတွင် တည်ရှိပါသည်။ ၂၀၀၈ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ယိမ်းယိုင်ချို့ယွင်း သွားသော ထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့ကို မူလအနေအထားထက် ကောင်းမွန်တင့်တယ်အောင် ပြုပြင်မွမ်းမံခဲ့ပြီး ၂၁-၄-၂၀၀၉ ရက်၊ အင်္ဂါနေ့တွင် အထွတ်တင် မင်္ဂလာပြီးမြောက်ခဲ့ကြောင်း ရေးထိုးထားသည့် မော်ကွန်းကျောက်စာဖြစ်ပါသည်။ စေတီတော်ကြီး၏ ဩဝါဒစရိယဆရာတော်ကြီးများ၏ လမ်းညွှန်မှုကိုခံယူပြီး မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဦးကိုကိုအောင်၊ သာသနာရေး ဦးစီးအရာရှိ ဦးမြသန်း၊ စေတီတော်ဂေါပက ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးကျော်မင်းနှင့် ဂေါပကအဖွဲ့ဝင်များ ဦးဆောင်၍ လှူဒါန်းခဲ့သော ကုသိုလ်တော်မော်ကွန်း ဖြစ်ပါသည်။