ပါဒစေတီတော်(ခြေတော်ရာ)

အသေးစိတ် အချက်အလက်များ

စေတီတော်ဝင်း၏ အနောက်ဘက်တွင် တည်ရှိပါသည်။ ထိုစဉ်က နိုင်ငံတော်ပြည်စောင့် ရဲတပ်ဖွဲ့ချုပ် သူရဇေယျကျော်ထင် ဗိုလ်မှူးကြီး မင်းသိမ်းကို အမှူးထားပြီး ဗိုလ်၊ အကြပ်၊ တပ်သားများက ၁၃၂၂ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် လှူဒါန်းခဲ့သော ကုသိုလ်တော် ဖြစ်ပါသည်။ မန္တလေးကျောက်ဆစ် ဆရာကြီးဦးမြိုင်၏ လက်ရာမွန်ဖြစ်ပါသည်။ ပါဒစေတီတော်သည် နှစ်ပေါင်းခြောက်ဆယ်ကျော်ကာလအတွင်း အခြား အဆောက်အအုံများ အကြားတွင်ညပ်ကာ မြင်ကွင်းမှ ကွယ်ပျောက်နေခြင်း၊ နှစ်ကာလကြာမြင့်လာသောကြောင့် ဟောင်းနွမ်းယိုယွင်းလာခြင်းတို့ကြောင့် ခရစ် သက္ကရာဇ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် စေတီတော်ကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ ရန်ကင်းမြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော် ဦးသုစိတ္တသာမိကို အမှူးထား၍ ဦးမင်းမင်းလတ်(ဥက္ကဋ္ဌ) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရန်ကင်းမြို့နယ်နှင့် မိုးကောင်းဆုတောင်းပြည့်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကဥက္ကဋ္ဌ ဦးချိုလေးနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များမှ စုပေါင်း၍ ပြန်လည်မွမ်းမံ တည်ထားခဲ့ပါသည်။