မိုးကောင်းစေတီတော် သမိုင်း
ယခုအခါ ရန်ကင်းမြို့နယ်ဟု အမည်တွင်လျှက်ရှိပြီး မိုးကောင်းဆုတောင်းပြည့်စေတီတော်မြတ်ကြီး တည်ရှိရာဒေသသည် ရှေးအခါက ကံဘဲ့ရွာဟုခေါ်ခဲ့ကြပြီး အလောင်းမင်းတရားကြီးလက်ထက်ကပင် ကံဘဲ့ရွာမှာ ရန်ကုန်မြို့စွန်ရှိ မွန်တိုင်းရင်းသားများနေထိုင်ရာ ကျေးရွာငယ်ကလေးအဖြစ် တည်ရှိခဲ့ပြီးဖြစ်လေသည်။ ကံဘဲ့ဝေါဟာရသည် မွန်ဘာသာ ‘ခပင်း’မှ ဆင်းသက်လာပြီး ကသစ်ပင်ဟု အဓိပ္ပာယ်ရလေသည်။ ရွာနီးပတ်ဝန်းကျင်တွင် ကသစ်ပင်များပေါက်ရောက်လျှက်ရှိသဖြင့် ယင်းသို့ခေါ်ဆို ခဲ့ကြခြင်း ဖြစ်ဟန်တူပေသည်။

ဖူးမြော်ကြည်ညိုရမည့်နေရာများ


သမိုင်းတစ်လျှောက်ထူးခြားဖြစ်စဉ်များ

စေတီတော်ကြီး၏ မူလထီးတော်ကြီးမှာ ယိုယွင်းလာသောကြောင့် မြန်မာသက္ကရာဇ်- ၁၃၂၉ ခုနှစ်တွင် ထီးတော်သစ်ကြီးကို ထပ်မံတင်လှူခဲ့ကြပါသည်။ ရန်ကုန်မြို့၊ ဖိုးစိန်လမ်း၊ အမှတ်(၉၁) A နေ ဦးအေးမောင်နှင့် အလှူရှင်များက မတည်လှူဒါန်းခဲ့ကြပါသည်။ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ကိုလည်း ရွှေစင်ရွှေပြားဖြင့် ကပ်လှူပူဇော်နိုင်ခဲ့ပါသည်။
၂၀၀၈ ခုနှစ်၊ မေလ (၂)ရက်နေ့တွင် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ယိမ်းယိုင်ချို့ယွင်းသွားသော ထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့ကို မူလအနေအထားထက် ကောင်းမွန်တင့်တယ်အောင် စေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများထံတွင် ဩဝါဒခံယူပြီး မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၊ သာသနာရေးဦးစီးအရာရှိ၊ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဥပဋ္ဌာက အဖွဲ့ဥက္ကဋ္ဌ နှင့် အလှူရှင်များ စုပေါင်း၍ ပြန်လည် မွမ်းမံခဲ့ကြပါသည်။

မျက်မှောက်ခေတ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်မှု
