ဝိဓူရဇာတ်တော်ကြီး (ဆေးရေးပန်းချီကား)

အသေးစိတ်အချက်အလက်များ

ဇာတ်ကြီး (၁၀) ဘွဲ့တွင် ပါဝင်သော ဇာတ်ဖြစ်သည်။ ဆေးရေးပန်းချီကားချပ်များဖြင့် ဖော်ကြူးထားပါသည်။ (ကိသာဂေါတမီ အကျွတ်ရခန်း အဆောင်တွင် ရှိပါသည်)

(၁) ဘုရားအလောင်းတော် ဝိဓူရအမတ်ကြီးက မင်းလေးပါးတို့၏ သီလတူညီကြောင်း ဆုံးဖြတ်သဖြင့် သိကြားမင်း ၊ နဂါမင်း ၊ ဂဠုန်မင်း ၊ ကောရဗျမင်းတို့ အသီးသီး တရားပူဇော်ကြခန်း။

(၂) ဝိမလာဒေဝီသည် ဝိဓူရအမတ်၏ နှလုံးသည်းပြွတ် စားချင်သောဆန္ဒကို သမီးတော်ဣရဓန္ဓီက တာဝန်ယူသော အခန်း။

(၃) ပုဏ္ဏကဘီလူး စစ်သူကြီးသည် နဂါးမင်းကြီး၏ သမီးတော် ဣရဓန္ဓီအား ဝိဓူရသုခမိန်၏ နှလုံး သည်းပြွတ်ကို ယူဆောင်ပေးမည်ဟု ကတိပြုခန်း။

(၄) ကောရဗျမင်း နှင့် ပုဏ္ဏက လောင်းကစား လုပ်ကြရာ မင်းကြီးဘက်မှ ထီးချက်စောင့် နတ်သမီး   မစောင့်ရှောက်နိူင်တော့ပဲ ပုဏ္ဏကမှ အနိူင်ရသောအခန်း။

(၅)  ပုဏ္ဏကနောက်သို့ လိုက်ရတော့မည်ဖြစ်သဖြင့် ဝိဓူရသုခမိန်က သား၊ သမီး ၊ ဆွေမျိုး ၊ ဇနီးမယားတို့အား ဆုံးမ စကားပြောခန်း။

(၆) အံစာနိုင်သဖြင့် ဝိဓူရအမတ်ကိုခေါ်ခဲ့၍ တောင်စဉ်ခုနှစ်ထပ်စိုင်းပြီး တောင်ပေါ်မှထိုးချသော်လည်း မသေသော ဝိဓူရအမတ်သည် ပုဏ္ဏကအား သာဓုနရတရား ဟောခန်း။

(၇)  ဘောဂ၀တီနဂါးပြည်သို့ ရောက်သောအခါ ပုဏ္ဏကသည် ဝိဓူရသုခမိန်ကို တရားသဖြင့် ယူဆောင်ခဲ့ပါပြီဟု ဘောဂ၀တီနဂါးပြည် ပြည့်ရှင်ဝရုဏနဂါးမင်းအား လျှောက်တင်ခန်း။

(၈) ဘုရားအလောင်း ဝိဓူရသုခမိန်သည် ဘောဂဝတီနဂါးပြည် ဝရုဏနဂါးမင်းနှင့် မိဖုရားဝိမလာနဂါးမတို့အား တရားဟောဆုံးမတော်မူခန်း။

(၉) ပုဏ္ဏကသည် ဣရဓန္ဓီကိုရခဲ့သဖြင့် ဝိဓူရအား မနောမယပတ္တမြားပေးပြီး ပြန်ပို့ရာ ကောရဗျမင်းနှင့်တကွ တစ်ရာ့တစ်ပါးသော မင်းတို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြခန်း။