မြို့နယ်သံဃနာယက အဆောက်အဦး

အသေးစိတ် အချက်အလက်များ

ဦးလှကြည် (သုဓမ္မမဏိဇောတဓရဘွဲ့) ဥက္ကဋ္ဌဦးဆောင်သော ဘဏ္ဍာတော်ထိန်းဂေါပက (၉)ဦး လက်ထက်တွင် ဂုဏ်ယူစရာ အထူးပေါ်ပေါက်လာသော အဆောက်အဦးမှာ မြောက်ဥက္ကလာပမြို့နယ် သံဃနာယက အဆောက်အဦ ဖြစ်ပါသည်။ ၎င်းအဆောက်အဦတွင် ဩဝါဒလမ်းညွှန်ချက်အရ၊ ဆုတောင်းပြည့် မယ်လမု စေတီတော် ဂရန်မြေမှ အလျား ၆၃ပေ၊ အနံ ၄၅ပေ မြေအကျယ်အဝန်းနှင့်အတူ မတည်အလှူငွေကျပ်သိန်းပေါင်း များစွာကို စေတီတော်၏ ဝေယျဝစ္စဘဏ္ဋာငွေမှ လှူဒါန်းခဲ့ပါသည်။ ထိုမြို့နယ် သံဃနာယက အဆောက်အဦမှာ သုံးထပ်ဓမ္မဗိမာန်၏ ဝင်းအတွင်း ဓမ္မဗိမာန်၏မြောက်ဘက်ယွန်းယွန်းတွင် တည်ဆောက်ထားပါသည်။

ဆုတောင်းပြည့်မယ်လမုဘုရားဝင်းအတွင်းရှိ မြို့နယ် သံဃနာယက အဆောက်အဦတွင် မြို့နယ်အတွင်းရှိ သံဃာတော်များ၏ ဝိနိစ္ဆယ ကိစ္စများဆောင်ရွက်ခြင်း၊ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စာမေးပွဲများကို အနီးကပ် ကြီးကြပ်လမ်းညွှန်ဆောင်ရွက်ခြင်းများ ပြုလုပ်ကြပါသည်။