သားတော် ရာဟုလာ အမွေတောင်းခန်း

အသေးစိတ် အချက်အလက်များ

ဗုဒ္ဓသည် ရဟန်းနှစ်သောင်းခြံရံလျက် ကပိလဝတ်ပြည်၌ နေစဉ် ဖခမည်းတော် နန်းတော်၌ ဆွမ်းဘုဉ်းပေးနေစဉ် အချိန်ဖြစ်သည်။
ယသော်ဓရာဒေဝီသည် သားတော်ရာဟုလာကို တန်ဆာဆင်၍ “ချစ်သား ရဟန်းနှစ်သောင်းအလယ်မှာ တင့်တယ်စွာ နေတော်မူသော ရဟန်းမြတ်သည်ကား သားတော်၏ ဖခမည်းတော် ဖြစ်ပါ၏။ မောင့်ခမည်းတော်၏ ရွှေအိုးကြီးတွေကို တောထွက်သည့်နေ့မှစ၍ မတွေ့ရတော့ပါ။ သားတော်စကြာမင်းလုပ်ရအောင် ရွှေအိုးအမွေကို တောင်းချေ”ဟု ပြောကြား၍ ဘုရှားရှင်ထံသို့ စေလွှတ်လိုက်လေသည်။
သားတော်ရာဟုလာသည် ဘုရားထံသို့ရောက်လျှင် ခမည်းတော်ဟူသော ချစ်ခြင်းဖြင့် ရဲတင်းစွာကပ်၍ “ခမည်းတော်၏ အရိပ်သည် လွန်စွာအေးချမ်းပါ၏ သားတော် စကြာမင်းလုပ်ချင်ပါသည်၊ ခမည်းတော် ရွှေအိုးအမွေကို ပေးခဲ့ပါ” ဟုတွတ်တီးတွတ်တာ ပြောဆိုကာ အမွေတောင်းရှာသည်။
မြတ်စွာဘုရားသည် ကျောင်းသို့ ပြန်ကြွရာ၌လည်း အမွေတောင်းကာ နောက်က လိုက်သွားလေသော် ဗုဒ္ဓက ရှင်သာမဏေပြုကာ လောကုတ္တရာအမွေကိုသာ ပေးတော်မူသည်။