
ဩဝါဒကထာ

ဧဝံ အစိန္တိယာ ဗုဒ္ဓါ၊ ဗုဒ္ဓဓမ္မာ အစိန္တိယာ။
အစိန္တိယေ ပသန္နာနံ၊ ဝိပါကော ဟောတိ အစိန္တိယော။
အပဒါနပါဠိ (ပ)၊ နှာ – ၇
နေတ္တိဝိဘာဝိနီ၊ နှာ – ၁၄
ဘုရားရှင်တို့ကို “ဤသို့ ဤသို့” ဟု မကြံစည်အပ်ကုန်၊ ဘုရားရှင်တို့၏ ဂုဏ်တော် တို့ကို “ ဤသို့ ဤသို့” ဟု မကြံစည်အပ်ကုန်။
မကြံစည်အပ်သော ဘုရားရှင်နှင့် ဘုရားရှင်၏ ဂုဏ်တော်တို့၌ ကြည်ညိုကုန်သော သူတို့အား မကြံစည်အပ်သော ကောင်းကျိုးသည် ဖြစ်၏-ဟု အပဒါနပါဠိတော်တွင် ဘုရားရှင် ဟောကြားတော်မူခဲ့ပါသည်။
ဆုတောင်းပြည့် မယ်လမုစေတီတော်၊ ဘုရားရှင်နှင့် ဘုရားရှင်၏ ဂုဏ်တော်တို့၌ ကြည်ညိုလေးစာသူတို့အား ဘယ်၍ ဘယ်မျှ တိုင်းတာ၍ မရနိုင်သော ကောင်းကျိုးချမ်းသာသည် ဖြစ်၏–ဟု ဩဝါဒကထာကို ဟောကြားအပ်ပါသည်။
ဘဒ္ဒန္တ ဉာဏိန္ဒ (မဟာဂန္ထ ဝါစက ပဏ္ဍိတ)
ဩဝါဒါစရိယ ဆရာတော်