
ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တဥတ္တမ၏ဩဝါဒ

ရတနာသုံးပါးအား ကိုးကွယ်ဆည်းကပ်သူကို ဥပါသကာဟု အဆိုရှိရာ ဂေါပကလူကြီးများသည် ဥပါသကာများဖြစ်ကြပါသည်။ ဒါကြောင့် ဥပါသကာဂုဏ်အင်္ဂါများနှင့် ညီညွတ်အောင် ဆောင်ရွက်ကြပါဟု တိုက်တွန်းပါတယ်။
ဥပါသကာဂုဏ်အင်္ဂါများနှင့် ပတ်သက်၍ ပါဠိတော် အတော်များများတွင် တွေ့ရပါတယ်။ ၎င်းတို့အနက် အင်္ဂုတ္တိုရ်ပါဠိတော်နှင့် မိလိန္ဒပဉာှပါဠိတော်တို့မှ အဓိကကျသော ဂုဏ်အင်္ဂါများကို ကောက်နုတ်ပြောကြားလိုပါသည်။ ၎င်းဂုဏ်အင်္ဂါများကတော့
၁။ သဒ္ဓါတရားရှိခြင်း
၂။ ကိုယ့်ကျင့်သီလပြည့်စုံခြင်း
၃။ ကောတုဟလမင်္ဂလာကို မယုံကြည်ခြင်း
၄။ ရတနာသုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်ခြင်း
၅။ သာသနာပြင်ပ၌ ကိုးကွယ်ရာဆရာမရှာခြင်း
၆။ သာသနာဆုတ်ယုတ်မှုကို ကြုံတွေ့လျှင် မားမားမတ်မတ် ရပ်တည်ကာကွယ်ခြင်း
၇။ စည်းလုံးညီညွတ်မှုကို လိုလားခြင်းတို့ဖြစ်ပါသည်။
ဘဒ္ဒန္တဥတ္တမ
(အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)