ရွှေသာလျောင်းရုပ်ပွားတော်

အသေးစိတ် အချက်အလက်များ

ဗုဒ္ဓသည် နေ့အချိန်တွင် ခြေရေဆေးပြီး ရဟန်းများကို ဒုလ္လဘတရားနှင့် အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထဟု ဟောကြားပြီး ဂန္ဓကုဋီတိုက်သို့ဝင်ကာ အလိုတော်ရှိလျှင် လက်ယာတံတောင်ဖြင့် သတိ သမ္ပဇဉ်မလွတ်ပဲ ခဏတာမျှ လဲလျောင်းမှုပြုလေ့ရှိသည်။
တစ်ဖန်သက်တော်ရွယ်တော်ကြီးသောအခါ၌ မိမိဟောနေကျတရားကို ရှင်သာရိပုတ္တရာကို ဆက်လက်ဟောကြားစေပြီး ဂန္ဓကုဋီတိုက်အတွင်းသို့ ဝင်ကာ နှစ်ထပ်သင်္ကန်းခင်းပြီး ခေတ္တ လဲလျောင်းတော်မူသည်။
ဤသည်ကိုရည်ရွယ်၍ သာလျောင်းဘုရား တည်ထားကိုးကွယ်ကြပါသည်။
အရှေ့သာလျောင်း ၊ တောင်ပေါင်းလောင်း၊
နောက်စောင်းနေရဗာန် ၊ မြောက်နိဗ္ဗာန်။