စေတီတော်ဧည့်ခံလျောင်းတော်မူ

အသေးစိတ် အချက်အလက်များ

စေတီတော်ကြီးနှင့် တစ်ဆက်တစ်စပ်တည်းကပ်လျက် ထူးခြားသော ဆင်းတုတော်တစ်ဆူကို ဖူးမြော်နိုင်ပါသည်။ ခြေဖျားတော်မှ ခါးအထိ လျောင်းလျက် မှီအုံးသုံးဆင့်ကို လက်ယာတံတောင်ထောက်၍ အနောက်ဘက်သို့ မျက်နှာမူကာ ကိန်းဝပ်စံပယ်တော်မူပါသည်။ ဤသို့သော ဆင်းတုတော်ပုံမျိုးမှာ မရှိသလောက်ရှားပါသည်။ တစ်ဦးချင်းဆောင်ရွက်စဉ် သဒ္ဓါပေါက်၍ တည်ထား ကိုးကွယ်သွားခြင်းဖြစ်ပါသည်။ ယခုအခါတွင် စေတီတော်နှင့် လျောင်းတော်မူ ဆင်းတုတော်သည် ဆုတောင်းပြည့်မယ်လမုစေတီတော်၏ ထူးခြားသော ကြည်ညိုသဒ္ဓါပွားဘွယ်ရာ အထိမ်းအမှတ်တစ်ခုဖြစ်ပါသည်။