နဂါးရုံဘုရား

အသေးစိတ် အချက်အလက်များ

ဗုဒ္ဓသည် သတ္တသတ္တာဟစံရာ၌ ဆိတ်ကျောင်းညောင်ပင် (အဇပါလ)၌ ခုနစ်ရက် သီတင်းသုံးပြီးနောက် မဟာဗောဓိပင်၏ အရှေ့တောင်ဘက်ရှိ မုစလိန္ဒအိုင်အနီးရှိ ကျည်းပင်ရင်း၌ ခုနှစ်ရက် အရဟတ္တဖိုလ်ချမ်းသာ ခံစားနေသည်။
ထိုအခါတွင် အခါမဲ့မိုးကြီးသည် သည်းစွာရွာချသည်။ ထိုအခါမှ မုစလိန္ဒအိုင်၏အောက်၌ နေသော နဂါးမင်းသည် ဘုရားရှင်နေနိုင်ရန် ကျောင်းတော်ရှိမှ သင့်မည်ဟု ကြံစည်ပြီး မိမိကိုယ်တိုင် တန်ခိုးဖြင့် ကျောင်းဆောင်ဖန်ဆင်း နိင်သော်လည်း မဖန်ဆင်းဘဲကိုယ်တိုင်ကြီးမားသော ခန္ဓာကိုယ် အတ္တဘောကို ဖန်ဆင်းပြီး ဘုရားရှင်ကို ဂန္ဓကုဋီတိုက်မှာ သီတင်းသုံးနေသကဲ့သို့ မိမိ၏ အခွေ (၇) ထပ်အတွင်း၌ (၇) ရက်တိုင်တိုင် သီတင်းသုံးနေထိုင် စေသည်။