ဗုဒ္ဓေါအောင်မြေဘုရား

အသေးစိတ် အချက်အလက်များ

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၅နာရီ ၄၅ မိနစ်၌ ပန္နက်တော် မင်္ဂလာပြုလုပ်၍ (၁၃၈၄) ခုနှစ် တော်သလင်း လပြည်ကျော် (၆) ရက် ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့တွင် ဗုဒ္ဓေါအောင်မြေဘုရားကြီးကို တည်ထားကိုးကွယ်ခဲ့ပါသည်။
အလှူရှင် ဦးကြိုင်ဝင်း + ဒေါ်မြင့်မြင်စန်း၊ သားကြီး မောင်ထက်အောင်ရှိုင်း + မဆုလဲ့ရည်နှင်း၊ သားငယ် မောင်စည်သူရန်နိုင် + မနိုနိုနှင်းထက် (ရွှေဇီးကွက်ဝေဖာ လုပ်ငန်း) မိသားစုမှ ဩဝါဒါစရိယ ဆရာတော်ဘုရားကြီးများဖြစ်ကြသော ဓမ္မရောင်ခြည် ဆရာတော် ဘဒ္ဒန္တ အဂ္ဂဓမ္မ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒွိပိဋကဓရ၊ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် နှင့် အောင်မြေဝတီဆရာတော် ဘဒ္ဒန္တ ဥတ္တမ သာသနဓဇဓမ္မာစရိယ၊ B.A (Philosophy) အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊ ဆရာတော်ကြီးများက “ဗုဒ္ဓေါအောင်မြေ” ဘွဲ့အမည်ပေး၍ မယ်လမုဘုရားဝင်းအတွင်း တည်ထား ကိုးကွယ် ထားပါသည်။ ဂေါပကအဖွဲ့မှ တောင်ဘက်စောင်းတန်း တည်ဆောက်မှုကိုလည်း ပါဝင်လှူဒါန်းခဲ့ပါသည်။
ဗုဒ္ဓေါအောင်မြေထိုင်တော်မူရုပ်ပွားတော်မြတ်ကြီး တန်ဆောင်းတွင် နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓပူဇနီယပွဲတော်၊ မဟာ ပဌာန်းကျမ်းမြတ် တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပခြင်း၊ ဆွမ်းဆန်တော် လောင်းလှူပူဇော်ခြင်း၊ ဥပ္ပါတသန္တိသုတ်တော် ရွတ်ဖတ်ပူဇော်ကျင်းပခြင်းများ ပြုလုပ်ဆောင်ရွက်ကြပါသည်။ နှစ်စဉ်မြန်မာ နှစ်ဆန်းတစ်ရက်နေ့တွင် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခြင်းများ ပြုလုပ် ဆောင်ရွက်ကြပါသည်။