ဆင်စီးမြင်းရံဘုရား

အသေးစိတ် အချက်အလက်များ

သိကြားမင်း စီးတော်မူသော “ခေါင်းသုံးလုံး နှာမောင်းသုံးခုရှိသည့်” ဧရာဝဏ်ဆင်မင်းအား တိမ်ညွန့်တိမ်ဖူးများကို သာ စားသုံးလေ့ရှိသော ဝဠာဟကနတ်မြင်းပျံများက ဘေးမှရံ၍ ကျောက်ကုန်းအထက် ပလ္လင်တော်ပေါ်တွင် ရုပ်ပွားတော်မြတ်စံပယ်လျက်ရှိသော မိဘမေတ္တာကို ဖော်ကြူးထားသည့် ဆင်းစီးမြင်းရံ သာသနိက အဆောက်အဦကို (၅-၃-၈၉) နေ့တွင် စတင်၍ မြောက်ဥက္ကလာမြို့ စေတနာရှင်များ ၊ ငမိုးရိပ်ချောင်းရိုး တစ်လျှောက်မှ ထားဝယ်ချောင်၊ ပေါက်တစ်လောက်၊ ဆင်ဖုံကျေးရွာများရှိ လယ်ယာလုပ်ကိုင်သူ အလှူရှင်အားလုံး တို့က တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပါသည်။
ဆင်းစီးမြင်းရံ အတုလမာရ်ဘုရား တည်ထားကိုးကွယ်ခြင်း၏ ရည်ရွယ်ချက်မှာ “မြန်မာပြည်အတွင်း စည်ပင် သာယာဝပြောစေရန်နှင့် ပြည်တွင်းပြည်ပ ရန်မာရ်ဟူသမျှကို ချုပ်ငြိမ်းပပျောက်စေရန်” ဖြစ်ပါသည်။