ဆန္ဒာဓိပတိဘုရားနှင့်တန်ဆောင်း

အသေးစိတ် အချက်အလက်များ

ဗိုလ်လောင်းဆင်းသင်တန်းအပတ်စဉ် (၃၃) အလှူရှင်များ စုပေါင်း၍ တည်ခဲ့သောဘုရားဖြစ်ပါ၏။ ဗိုလ်သင်တန်းဆင်း နှစ် (၄၀) ပြည့်အမှတ်တရတည်ခြင်း ဖြစ်ပါ၏။ အမျိုးဘာသာ သာသနာကို စောင့်ရှောက်လိုသော ဆန္ဒကို အဓိပတိတပ်၍ တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့ကြကြောင်း ဖော်ညွှန်းပါ၏။ တန်ဆောင်းအတွင်းတွင် သီဟသူရဘွဲ့ရ (၁)၊ သူရဘွဲ့ရ (၁)နှင့် သူရဲကောင်းနှင့်မှတ်တမ်းဝင် ဘွဲ့ရ (၃) တို့ကို ကျောက်စာသံပိုင်းရေးပြီး မော်ကွန်းတင်ထားပါ၏။
စစ်မြေပြင်တွင် မသေမကျေ မကျိုးမပြတ်ဘဲ ကျန်ခဲ့သော ကျန်စစ်သားများ အဖြစ် ခံယူကာ အမှတ်တရ ကျန်စစ်သားများ၏ ရုပ်တုကိုထုလုပ်ထားရှိပါ၏။ ကျန်စစ်သား၏သမိုင်းဝင်ဆုံး ဖြတ်ချက်ကိုလည်း ရုပ်တုတွင်ဖော်ပြထားပါ၏။ ကျန်စစ်သား၏ မွေးရပ်ဇာတိဖြစ်သော ပရိမ္မရွာတွင် ရှိသော မစမန်ကျည်းသားနှင့် ထုလုပ်ထားသော ရုပ်တုတော်ကို နမူနာယူ၍ ကျန်စစ်သား ကိုးကွယ်သော ဘုရားရုပ်ပွားတော်ပုံစံများ ထုလုပ်ပူဇော်ထားပါ၏။ (အဓိကမှာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိကို ကိုယ်စားပြပါ၏)
ဗိုလ်မှူးဧကို (ကသ ၄၉) လှူသောပိဋတောက် မြန်မာဘာသာပြန် စာအုပ်များကို မှန်ဘီရိုနှင့် လှူထားပေးပါ၏။ (ဓမ္မံ သရဏံ ဂစ္ဆာမိကို ကိုယ်စားပြုပါ၏)
စလင်းကန်လယ်ဆရာတော်ဘုရားကြီး ဦးဝဇီရာဝုဓ ရှိခဲ့စဉ်က ကိုးကွယ်ပူဇော်ခဲ့သော ပုဂံခေတ်က ပေါ်ထွန်းခဲ့သည့် ပံ့သကူ မဟာထေရ် ကျားပေါ်တွင် ထိုင်ပြီး မိကျောင်းကျော်ပေါ်တွင် ခြေထောက်တော်တင်ထားတော်မူပုံနှင့် တပည့်ဖြစ်သော ငရမာရ် နှင် ငတင်ကျည်း ဘီလူး (၂) ကောင်ပုံကို နမူနာယူလျက် သံဃာပုံတော်များယူ၍ ပူဇော်ထားပါ၏။ (သံဃံသရဏံ ဂစ္ဆာမိကို ကိုယ်စားပြုပါ၏)