တိစိစရိတ်ရုပ်ပွားတော်

အသေးစိတ် အချက်အလက်များ

ဗုဒ္ဓသည် သင်္ကန်းအတွက် ရှာဖွေလျှောက်သွားနေကြရသော ရဟန်းတို့ကို မြင်တွေ့ပြီး သင်္ကန်းလိုအပ်ချက် အတိုင်း အတာကို ခွင့်ပြုပေးရန် စိတ်အကြံ ဖြစ်တော်မူသည်။

ရဟန်းတို့အတွက် သင်္ကန်း အများဆုံး လိုအပ်သောရာသီကား ဆောင်းရာသီဖြစ်ပြီး ထိုရာသီ၌ အအေးဒဏ် ကာကွယ်နိုင်ရန် အပိုသင်္ကန်းလိုသည်။

သို့အတွက် ဗုဒ္ဓသည် ဆောင်းရာသီတွင် အအေးဆုံးလဟု သတ်မှတ်သော တပို့တွဲနှင့် တပေါင်းလအကြား (၈) ရက်နေ့ နှင်း အများဆုံးကျသော ညဉ့်တစ်ညဉ့် လွင်ပြင်၌ အပိုဧကသီ (၃) ထည်ကို ဘေးတွင်ချ၍ သင်းပိုင် တစ်ထည်ဖြင့်နေကာ အအေးဒဏ်ကို စမ်းသပ်ခံသည်။

သန်းခေါင်းယံ၌ အအေးဓာတ်လွန်ကဲလာ၍ ပထမသင်္ကန်းကို ဆွဲယူခြုံသည်။ မိုးသောက်ယံ၌ အအေးဓာတ် ပိုပိုလာသဖြင့် ဒုတိယသင်္ကန်းကို ထပ်မံခြုံသည်။ အရုဏ်တက်ချိန်တွင် တတိယသင်္ကန်းကို ထပ်မံခြုံသည်။ အအေးချိန် လွန်မြောက်၍ နေရောင်ခြည်ပေါ်လာသောအခါ ဗုဒ္ဓသည် စမ်းသပ်မှုကို ရုပ်သိမ်း၍ ရဟန်းများစုဝေးစေပြီး နှစ်ထပ်သော ဒုကုဋ်သင်္ကန်း၊ တစ်ထပ်သော ကိုယ်ဝတ် (ဧကသီ) တစ်ထပ်သောသင်းပိုင်ဟူ၍ သင်္ကန်းသုံးထည်ကို ခွင့်ပြုတော်မူသည်။

ထိုအအေးစမ်းသပ်မှုနှင့် သင်္ကန်းလိုအပ်ချက်စမ်းသပ်မှုကို ဖော်ညွှန်းလို၍ ဤရုပ်ပွားတော်ဆင်းတုကို လဟာပြင်၌ ထုလုပ်ပူဇော်ထားပါသည်။