ဆံတော်ပေးဘုရား

အသေးစိတ် အချက်အလက်များ

ဘုရားဆင်းတုတော်ကြီး၏ရှေ့တွင် တပုဿဘလ္လိကညီနောင်တို့က မုန့်ကြွက်ကျစ်၊ ပျားမုန့်ဆုပ်များကို လှူ၍ ဆံတော်ကိုခံယူနေပုံဖြစ်ပါသည်။ ဤဆင်းတုတော်ကြီးသည် ဆုတောင်းပြည့် မယ်လမုစေတီတော်နှင့် တဆက် တည်းရှိသည့်အပြင် မြန်မာနိုင်ငံ၌ သာသနာ့သမိုင်းကို လေ့လာသောအခါ မြတ်စွာဘုရား ပွင့်တော်မူပြီး (၄၉) ရက်အတွင်း မြန်မာနိုင်ငံမှ တပုဿနှင့် ဘလ္လိကညီနောင်သည် ဘုရားရှင်အား ဦးစွာဖူးမြော်ရခြင်း၊ မြတ်စွာ ဘုရားရှင်အား ဦးစွာဆွမ်းကပ်ရခြင်း၊ မြတ်စွာဘုရားရှင်ထံမှ သရဏဂုံနှစ်ပါးကို ဦးစွာဆောက်တည်ရခြင်း၊ မြတ်စွာဘုရားရှင်ထံမှ ဆံတော်မြတ်ကို ဦးစွာပူဇော်ခွင့်ရခြင်း၊ မြတ်စွာဘုရားရှင်၏ ဆံတော်မြတ်ကို ဌာပနာ၍ ဘုရားစေတီဦးစွာတည်ထားကိုးကွယ်ခွင့်ရခြင်းဟူသည့် ဦး (၅) ဦးအကျိုးကို ရရှိခဲ့ကြောင်းများ ရည်မျှော်ကာ ကြည်ညိုသဒ္ဓါပွားနိုင်ကြပေသည်။