ဆုတောင်းပြည့်မယ်လမုစေတီ၏ အရံစေတီ (၈) ဆူ

အသေးစိတ် အချက်အလက်များ

ဆုတောင်းပြည့် မယ်လမုစေတီ၏ အရပ် (၈) မျက်နှာတွင် စေတီ (၈) ဆူ တည်ထား ကိုးကွယ်ထားပါသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ထုံးတမ်းစဉ်လာအရ ဂြိုဟ် (၈) ခွင်တွင် နေ့နံအလိုက် ဂြိုဟ်မင်း ရုပ်တုများပါရှိပြီး ဂြိုဟ်သက်အလိုက် ကုသိုလ်ယူခြင်း၊ ရေသပ္ပာယ်ခြင်းနှင့် ယတြာများချေခြင်း ပြုလုပ်နိုင်ကြပါသည်။
တနင်္ဂနွေ ဂြိုဟ်သက် (၆) နှစ်
တနင်္လာ ဂြိုဟ်သက် (၁၅) နှစ်
အင်္ဂါ ဂြိုဟ်သက် (၈) နှစ်
ဗုဒ္ဓဟူး ဂြိုဟ်သက် (၁၇) နှစ်
ကြာသာပတေး ဂြိုဟ်သက် (၁၉) နှစ်
သောကြာ ဂြိုဟ်သက် (၂၁) နှစ်
စနေ ဂြိုဟ်သက် (၁၀) နှစ်
ရာဟု ဂြိုဟ်သက် (၁၂) နှစ်