စေပသွယ်နတ်မင်းကြီး

အသေးစိတ် အချက်အလက်များ

၁၉၉၂ ခုနှစ် ဆုတောင်းပြည့်မယ်လမုစေတီတော် ဥက္ကဋ္ဌဗိုလ်မှူးစောလွင် လက်ထက်တွင် ဆရာတော် (၁) ပါး ကြွရောက်လာပြီး “စေပသွယ်နတ်မင်းကြီး ကျောက်ဆင်းတု” ပုံတော်အား မယ်လမုဘုရားတွင်ရှိကြောင်း အိပ်မက်မက်၍ ဂေါပကရုံးသို့ လာရောက် မေးမြန်းစုံစမ်းရာ စတိုမှူးမှ သိမ်းဆည်းထားသာ နတ်ရုပ်ပုံတော် အပျက်အစီးများထဲမှ ၎င်းစေပသွယ် နတ်မင်းကြီးပုံအား တွေ့ရှိ၍ ဂေါပကအဖွဲ့ထံ ခွင့်ပြုချက်ယူကာ နောင်တော်ကြီးစေတီအနီးတွင် နတ်နန်းဖြင့် ယနေ့အထိ ပူဇော်လျှက်ရှိပါသည်။

နန္ဒာမင်းသား၏ အထိန်းတော်ဟောင်း သူရဒေဝ (စေပသွယ်နတ်မင်း) ကိုပါ အစောင့် အရှောက်အဖြစ် တာဝန်ပေးခဲ့သည်။

ဥက္ကလာပမင်းကြီး၏ သားတော် နန္ဒမင်းသားတွင် အထိန်းတော် မော်မိ (ခ) ဗလဒေဝ နှင့် ဇရွဲအုံ (ခ) သူရဒေဝတို့ နှစ်ဦးရှိရာ သူရဒေဝသည် စေပသွယ် နတ်မင်းကြီးဖြစ်သည်။