သူရဿတီမယ်တော် အသေးစိတ် အချက်အလက်များ သူရဿတီသည် ဟိန္ဒူ (ဗြဟ္မဏ) အယူအဆ၌ လောကကို ဖန်ဆင်းတည်ထောင်သော ဗြဟ္မာ၏ ကြင်ယာတော် ဖြစ်သည်။ အသိပညာ ၊ အလင်းရောင်ကိုပေး၍ စာပေများကို စောင့်ရှောက်သူ ဖြစ်သည်ဟု ယုံကြည်လက်ခံထားသကဲ့သို့ ဗုဒ္ဓဘာသာ၌ ပညာနတ်သမီးအဖြစ် ပိဋကတ်သုံးပုံကို မပျောက်ပျက်အောင် စောင့်ရှောက်ထိန်းသိမ်းသူများပေါ်ပေါက်လာအောင်၊ စောင့်ရှောက်ကူညီပေးသည်ဟု ယုံကြည်ပြီး စောင့်ရှောက်သူပညာပါရမီမယ်တော်အဖြစ် မြန်မာတို့က ဂုဏ်ပြုပြီး အထိမ်းအမှတ်ရုပ်တုပြုထားခြင်း ဖြစ်ပါသည်။