ဘိုးဘိုးအောင်

အသေးစိတ် အချက်အလက်များ

ဘိုးဘိုးအောင်သည် အင်းပညာအတတ်ဖြင့် လောကီသိဒ္ဓိ အောင်မြင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

သူသည် မြန်မာပြည်အနှံ သာသနာပြုမင်းများကို ကူညီခြင်း၊ ဘေးအန္တရာယ်အပေါင်းမှ ကင်းလွတ်အောင်ကယ်တင်ခြင်းနှင့် စောင့်ရှောက်ခြင်းတို့ကို ပြုလုပ်ပေးသည်။

လူအများ တရားမှတ်သောအခါ လူ့ဘောင်၌နေပြီး လူတို့ကို ရတနာသုံးပါး အမှန်၌ သက်ဝင်ယုံကြည်မှု ရကြစေရန် စောင့်ရှောက်ပေးသည်။

အကျင့်သီလနှင့် ပြည့်စုံ၍ သာသနာတော်ကို စောင့်ရှောက်ချီးမြှင့်သူများကို အသွင်အမျိုးမျိုးဖြင့် ယနေ့အထိ ကူညီစောင့်ရှောက်ပေးလျက်ရှိသည်ဟု မြန်မာတို့က ယုံကြည်ထား၍ ဘိုးဘိုးအောင်ကို သာသနာစောင့်ရှောက်သူ ပုဂ္ဂိုလ်မြတ်အဖြစ် အထိမ်းအမှတ်ပြုထားခြင်းဖြစ်သည်။