မယ်လမုဘိုးဘိုးကြီး

အသေးစိတ် အချက်အလက်များ

ဥက္ကလာပမင်းကြီး၏ သားတော် နန္ဒမင်းသားတွင် အထိန်းတော် မော်ပိ ခေါ် ဗလဒေဝနှင့် ဇရွဲအုံခေါ် သူရဒေဝတို့ ရှိသည်။ နန္ဒမင်းသားသည် သန်လျင်မင်း၏သမီးတော် ရှင်မွေ့နွန်းနှင့် တိတ်တဆိတ် ချစ်ကြိုးသွယ်မိပြီး ညဉ့်အချိန် ငမိုးရိပ်မိကျောင်းအကူအညီဖြင့် သွားရောက်တွေ့ဆုံခဲ့သည်။

တစ်နေ့တွင် ငမိုးရိပ်၏ရန်သူ မလက်တိုမိကျောင်းမအုပ်စုက ကြားဖြတ်တိုက်ခိုက်သဖြင့် ငမိုးရိပ်မိကျောင်းသည် မိမိ၏ အရှင်သခင်နန္ဒမင်းသားကို ပါးစပ်ထဲငုံပြီး မလက်တိုတို့ကို ပြန်လည်ခုခံတိုက်ခိုက်ရင်း မင်းသားကို မြိုချမိသဖြင့် မင်းသားအသက်ဆုံးရှုံးရသည်။ နန္ဒမင်းသား သေဆုံးမှုနှင့်ပတ်သက်ပြီး အထိန်းတော်နှစ်ယောက် အရေးယူခံကြရရာ သူရဒေဝက ထွက်ပြေးလွတ်မြောက်သွားပြီး ဗလဒေဝသာ ကွပ်မျက်ခံရသည်။

ဗလဒေဝသည် မယ်တော်မယ်လမုအနီးရှိ ညောင်ပင်၌ ရုက္ခစိုးနတ်ဖြစ်ပြီး စေတီကို စောင့်ရှောက်ရန် တာဝန်ပေးအပ်ခံရသည်။
ရုက္ခစိုးနတ်မင်းသည် မယ်လမုစေတီပြန်လည်ပေါ်ထွန်းရန် ဆွေတော်မျိုးတော် အဆက်များကို သိုက်နန်းရှင်မှတဆင့် တာဝန်ပေးခဲ့၍ ယခု မယ်လမုစေတီတော် အသစ်ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။

ဗလဒေဝ ရုက္ခစိုးနတ်မင်းသည် ယခုအခါ မယ်လမုဘိုးဘိုးကြီးအဖြစ် ထင်ရှားပြီး စေတီတော်ကို စောင့်ရှောက်သလို မကောင်းမှုပြုသူများကို ဖော်ထုတ်ပေးနိုင်ရန် တောင်းပန်က ဖော်ထုတ်ပေးသည်ဟု ယနေ့ လူအများက လက်ခံယုံကြည်ထားကြပြီး အကူအညီတောင်းခံကြပါသည်။