အာဠဝကဘီလူးကိုအောင်မြင်ခြင်း

အသေးစိတ် အချက်အလက်များ

အာဠဝီမြို့၏အနီး တစ်ဂါဝုတ်ခန့်ဝေးသောအရပ်၌ ညောင်ပင်ကြီး တစ်ပင်ရှိ၏။ ထိုညောင်ပင်၌ အာဠဝကဘီလူး၏ ဘုံဗိမာန်ရှိ၏။

တစ်ညဉ့်၌ အာဠဝကသည် ဟိမဝန္တာနတ်အစည်းအဝေးသို့ သွားသည်။ ထိုအချိန်မှာပင် ဗုဒ္ဓသည် အာဠဝကနတ်ဘီလူးကြမ်းကို ဆုံးမရန် ဗိမာန်အတွင်းသို့ဝင်တော်မူရာ ဗုဒ္ဓကို ကြည်ညိုသော တံခါးစောင့် ဂဒြဘ ဘီလူးက အာဠဝကထံ ခွင့်ပန်ပါရစေဟု လျှောက်ထားခွင့်ပန်ကာ အာဠဝက အစည်းအဝေးရှိရာသို့ လိုက်သွားပြီး တိုင်ကြားလေသည်။

ထိုအချိန်မှာပင် အခြားသာတာဂီရိနတ်မင်းတို့ကလည်းသင့်ဗိမာန်၌ ဘုရားရှင်ရောက်နေကြောင်း၊ သင်ကုသိုလ်ကံကောင်းကြောင်းပြောပြ၍ အလွန်စိတ်ဆိုးနေချိန်တွင် ယခု တံခါးစောင့် ဂဒြဘက လာရောက်ပြောကြားသောအခါ ဒေါသပိုမိုပေါက်ကွဲပြီး ချက်ချင်းပင် အစည်းအဝေးမှထကာ ကေလာသတောင်ထွတ်ကို ခုန်တက်ပြီး… “ငါက အာဠဝကတဲ့” ဟုကြုံးဝါးလေသည်။

ထို့နောက် တစ်ညလုံး လက်နက်မျိုးစုံဖြင့် ပစ်ခတ်သော်လည်း ဗုဒ္ဓ၏ မေတ္တာကြောင့် မထိခိုက်နိုင်၍ ဗုဒ္ဓ၏ အနားသို့ရောက်လာသော အာဠဝကကို ဗုဒ္ဓက တရားပြပြီး အေးချမ်းစွာ ဆုံးမပေးတော်မူသည်။