နန္ဒေါပနန္ဒနဂါးမင်းကိုအောင်မြင်ခြင်း

အသေးစိတ် အချက်အလက်များ

နန္ဒေါပနန္ဒနဂါးမင်းသည် နတ်မင်းကြီးအလား ကြီးကျယ်ခမ်းနားလှသော စည်းစိမ်ဖြင့် မြင်းမိုရ်တောင်၌‌ နေသည်။ လွန်စွာ‌ဒေါ်သကြီး၏။

တနေ့သ၌ ကချေသည် နဂါးအပေါင်းတို့ခြံရံကာ စည်းစိမ်ခံစားနေစဉ် ဘုရားရှင်သည် တန်ခိုးကြီးရဟန်းတော်များနှင့် အတူတကွ နဂါးမင်း၏ အထက်ကောင်းကင်မှ တာဝတိံသာသို့ ကြွလေသော် ခြေမှုန်တို့ကျခံရသဖြင့် ပြင်းစွာဒေါသထွက်ပြီး မြင်းမိုရ်တောင်နှင့် တာဝတိံသာကို ရစ်ပတ်၍ ဖုံးအုပ်ထားလေသည်။

ရှင်မောဂ္ဂလာန်ကို ဗုဒ္ဓက နဂါးကိုဆုံးမရန် ညွှန်ကြားသဖြင့် နဂါးထက်နှစ်ဆကြီးသော ကိုယ်ကို ဖန်ဆင်းပြီး နဂါးအထက်က ရစ်ပတ်ဖုံးအုပ်ကာ ဖိ၍ညှပ်ခြင်း စသည်ဖြင့် နွံနာအောင် ဆုံးမပြီးမှ ဘုရားရှင်ထံ ခေါ်လာပြီး ရတနာသုံးပါးကို ကိုးကွယ်လာစေသည်။