မာရ်နတ်ကိုအောင်မြင်ခြင်း

အသေးစိတ် အချက်အလက်များ

ဘုရားလောင်းသည် သဗ္ဗညုတဉာဏ်တော်ကိုရရန် ဗောဓိပင်ရင်း၌ ထိုင်နေစဉ် မာရ်နတ်က “သိဒ္ဓတ္ထသည် ဘုရားဖြစ်ရန် မဟာဗောဓိမဏ္ဍိုင်သို့ ရောက်နေလေပြီ။ သိဒ္ဓတ္ထသည် ငါ၏နယ်ပယ် ဘုံသုံးပါးကို လွတ်မြောက်ရန် အားထုတ်နေပြီ။ ငါသည် ဘယ်နည်းနှင့်မျှ ထိုအခွင့်အရေးကို မပေးနိုင်” ဟု ကြံစည်ကာ မိမိစံရာ ဝသဝတ္တီ နတ်ပြည်မှ ဆင်းသက်လာပြီး မိမိ၏ မာရ်နတ်စစ်သည်များနှင့်အတူ မိမိကိုယ်တိုင် ဂိရိမေခလာဆင်ကိုစီးလျက် လက်နက်မျိုးစုံကိုင်ကာ “တက်ကြကုန်လော၊ ဖမ်းကြကုန်လော” ဟုဆော်ဩခြိမ်းခြောက်ပြီး တိုက်ခိုက်လာသည်။

ဗုဒ္ဓက မိခင်၏ မေတ္တာကဲ့သို ဘဝများစွာအထုံပါသော မေတ္တာတော် အစွမ်းဖြင့်နေရာ မာရ်နတ်သည် လုံးဝတိုက်ခိုက်၍ မရပေ။ ဗုဒ္ဓသည် မာရ်နတ်ကို အောင်မြင်ခဲ့သည်။