သုဇာတာသူဌေးသမီးဃနာနို့ဆွမ်းကပ်လှူခြင်း

အသေးစိတ် အချက်အလက်များ

ဥရုဝေလတောအနီး သေနာနိဂုံး၌ သေနာနီမည်သော သူဌေးကြီး၏ သမီး သုဇာတာသည် အပျိုဘဝ၌ရှိစဉ် ညောင်ပင်ကြီးဆီသွား၍ သူဌေးသားရဖို့နှင့် သားထူးကို ရရန် ဆုပန်ခဲ့ဖူးသည်။ ထိုဆုအတိုင်းပြည့်သောကြောင့် ညောင်ပင်စောင့်နတ်မင်းကြီး “မ” သည်ဟု ယုံကြည်ပြီး နှစ်စဉ်ပူဇော်လေသည်။
ဘုရားအလောင်းတော်သည် (၆)နှစ်ပတ်လုံး အစားအစာမစားဘဲ ဒုက္ကရစရိယာကျင့်ရာ တရားမရ၍ ဆွမ်းကို မျှတအောင် ပြန်လည်ဘုဉ်းပေးသည်။
အလောင်းတော်သည် သက်တော် (၃၅) နှစ်ပြည့်တွင် တရားထူးရပြီး ကဆုန်လပြည့်နေ့ နံနက်စောစောအခါ၌ ညောင်ပင်အောက်သို့ ရောက်လာသောအခါ သုဇာတာကလည်း မိမိ၏ ကျေးဇူးရှင်ညောင်ပင်စောင့်နတ်ကြီးကို ပူဇော်ရန် စီမံနေစဉ် ညောင်ပင်အောက်၌ ဘုရားရှင်ကိုတွေ့သော် မိမိ၏ ကျေးဇူးရှင်နတ်ကြီးကိုယ်တိုင် ကိုယ်ထင်ပြပြီး အလှူခံသည်ဟု မှတ်ထင်ကာ တစ်သိန်းတန်ရွှေခွက်နှင့် နို့ဃနာကို ထည့်ပြီး ကပ်လှူခဲ့လေသည်။