နေရဉ္ဇရာမြစ်၌ ရွှေခွက်မျှောခန်း

အသေးစိတ် အချက်အလက်များ

ဗုဒ္ဓသည် သုဇာတာသူဌေးသမီး၏ ဃနာနို့ဆွမ်းကို အလှူခံပြီးနောက် နေရဉ္ဇရာမြစ်၌ ရေချိုးသုံးသပ်သည်။ ထို့နောက် သတ္တသတ္တာဟစံမည့် (၄၉) ရက်ကို ရည်ပြီး (၄၉) လုပ် ဘုဉ်းပေးသည်။

ထို့နောက် နေရဉ္ဇရာမြစ်ကမ်းနဖူးသို့သွား၍ “ဘုရားစင်စစ် ဧကန်ဖြစ်မည်ဆိုပါက ဤရွှေခွက်သည် ရေဆန်တက်ပါစေ”ဟု အဓိဋ္ဌာန်ပြီး မျှောလိုက်သည်။

ရွှေခွက်သည် အထက်သို့ ဆန်တက်သွားပြီး မြစ်အလယ်၌ ယခင် ဘုရား၃ဆူတို့ အသုံးပြုခဲ့သော ရွှေခွက်သုံးခွက်အထက်၌ အသံမြည်လျက် တည်လေသည်။

ထိုရွှေခွက်ကို အိပ်စောင့်နေသော ကာလနဂါးသည် ထိုရွှေခွက်ထိသံကြောင့် လန့်နိုးလာပြီး “ယမန်နေ့ကပင် ဘုရားတစ်ဆူ ပွင့်သွားခဲ့လေပြီ။ ယခုတစ်ဖန် ဘုရားပွင့်ပြန်ပြီ” ဟုပြောဆိုကာ ပြန်အိပ်လေသည်။