ဒုက္ကရစရိယကျင့်တော်မူခြင်း

အသေးစိတ် အချက်အလက်များ

ဘုရားလောင်းသည် ရဟန်းပြုပြီးနောက် ဆရာဖြစ်ထိုက်သူကိုရှာရာ အာဠာရ ရသေ့နှင့် ဥဒကရသေ့တို့ကို တွေ့၍ ထိုရသေ့တို့ထံမှ လောကီဈာန်မျှကိုသာ နည်းခံရသဖြင့် အားရတင်းတိမ်ခြင်းမရှိဘဲ တရားထူးကို ဆက်လက်ရှာဖွေရန် ဥရုဝေလတောသို့ ရောက်ခဲ့သည်။ ထိုတောအုပ်၌ ဆွမ်းခံ၍ ဆွမ်းစားနေရသည်မှာ အနှောက်အယှက်ဖြစ်သည်ဟု ဆုံးဖြတ်ပြီး အစာမစားဘဲ သာမန်လူတို့ကျင့်နိုင်ခဲသော ဒုက္ကရစရိယာအကျင့်ကို ကျင့်လေသည်။

ဒုက္ကရစရိယာအကျင့်ကို ကျင့်ရာ၌ ဆွမ်းမစားဘဲ အလိုလိုကြွေကျသော သစ်သီးကိုသာ ကောက်ယူစားသည်။ ထို့နောက် သစ်ပင်ရှိရာသို့ မသွားဘဲ မိမိတရားကျင့်ရာ သစ်ပင်အောက်ကြွေကျသော သစ်သီးကိုသာ ကောက်စား၏။ ထို့နောက် သစ်သီးတစ်လုံး ၊ နှမ်းတစ်လုံး၊ ဆန်တစ်စေ့မျှကိုသာ စား၏။

ဤကဲ့သို အစာကိုလျှော့စားသဖြင့် အသား၊ အသွေးမရှိတော့ဘဲ စိုပြည်ဝင်းဝါသော အသားတော်သည် ညိုမည်းခြောက်သွေ့ကာ အရိုးအရေသာ ကျန်တော့သည်။