ပဥ္စဝဂ္ဂီငါးပါးတို့အား တရားဦးဟောခန်း

အသေးစိတ် အချက်အလက်များ

ဘုရားလောင်းဖွားမြင်စဉ် လက္ခဏာဖတ်ခဲ့ကြသော ပုဏ္ဏားရှစ်ယောက်တို့တွင် ငါးယောက်သော ပုဏ္ဏားတို့က မုချဘုရားဖြစ်မည်ဟု ယုံကြည်ထားကြပြီး ရသေ့ရဟန်း ကြိုတင်ပြုနေကြသည်။
ဘုရားလောင်းတောထွက်သောအခါ ဘုရားလောင်းကို ရေပူရေချမ်းကမ်းလှမ်း ပြုစုကြသည်။ ထို့နောက် ဘုရားလောင်းက ဆွမ်းပြန်လည်ဘုဉ်းပေးသည်ကိုမြင်၍ ဘုရားဖြစ်တော့မည် မဟုတ်ဟု မှတ်ထင်ကြကာ ဘုရားလောင်းထံမှ ခွဲခွာ၍ ဗာရာဏသီအနီးမိဂဒါ ဝုန်တော၌ နေထိုင်ကြသည်။
ဘုရားဖြစ်တော်မူ၍ တရားဦးဟောထိုက်သူများကို ဆင်ခြင်ကြည့်သောအခါ ထိုရသေ့ (၅)ဦးတို့၏ ရင့်သန်သော ဉာဏ်ကို မြင်တော်မူ၍ ဗောဓိပင်မှ (၁၈) ယူဇနာကွာဝေးသော မိဂဒါဝုန်တောသို့ ကြွတော်မူပြီးလျှင် ဝါဆိုလပြည့် နေမဝင်မီ အချိန်၌ ပဥ္စဝဂ္ဂီငါးဦးအား ဓမ္မစကြာတရားဦးကို ဟောတော်မူရာ (၁၈) ကုဋေသော နတ်ဗြဟ္မာတို့နှင့်အတူ အရှင်ကောဏ္ဍည သောတာပန်တည်လေသည်။