ကန်တော်မင်္ဂလာ (ပိန်းကောကန်) အသေးစိတ် အချက်အလက်များ မိကျောင်းဦးခေါင်းမှ အနောက်ဘက်စောင်းတန်းသို့ ဆင်းလိုက်လျှင် အလျှား (၁၃၅) ပေ၊ အနံ (၁၀၀) ပေ ရှိသော ရေကန်တော်တွင် ဘုံပြသာဒ်နှင့် စံနေတော်မူသော ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးကို ဖူးတွေ့ရပါသည်။ ရေကန်တော်အတွင်းတွင်လည်း ငါးမျိုးစုံနှင့် လိပ်မျိုးစုံ မွေးမြူထားပြီး ဘုရားဖူး ပြည်သူများ ငါးလွှတ်ရန်အတွက် ပြုလုပ်ထားခြင်းဖြစ်ပါသည်။ (ယခင်အခါက ပိန်းပင်များ ပေါက်သောနေရာများကို ရေကန်တူးထားသောကြောင့် ပိန်းကောကန်ဟု ခေါ်ပါသည်)။