ကြေငြာချက်များ

သတိပြုဖွယ်များ

အသိပေးတားမြစ်ချက်များ
၁။ စေတီတော်တွင် ဓါတ်ပုံ/ ဗီဒီယို ရိုက်ကူးရေးကိစ္စများ၊ လှူဒါန်းကျွေးမွေးမှု ကိစ္စများအား ရုံးအဖွဲ့မှူးရုံးခန်းတွင် လာရောက်လျှောက်လွှာတင် ခွင့်ပြုချက်ရမှသာလျှင် လုပ်ဆောင်ခွင့်ရရှိမည်ဖြစ်ပါသည်။
၂။ စေတီတော်ပေါ်နှင့် ဝတ္ထုကံမြေအတွင်း မောင်းသူမဲ့လေယာဉ်ငယ်နှင့် အဝေးထိန်း (Remote Control System) ယာဉ်ငယ်များ လွှတ်တင်မောင်းနှင်ခြင်း မပြုရန် သတိပေး တားမြစ်အပ်ပါသည်။
၃။ ရင်ပြင်တော်ပေါ်တွင် အဂါရဝဖြစ်စေသောပြုမူနေထိုင်ခြင်း များနှင့် Tik Tok ရိုက်ခြင်းများ မပြုလုပ်ပါရန် တားမြစ်ပါသည်။
၄။ ဘုရားဖူးအမျိုးသမီးများ မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်သော အမြင်မတော်သည့် အသားကပ် ဘောင်းဘီဝတ်ဆင်၍ တက်ရောက်ခြင်းမပြုကြပါရန်မေတ္တာရပ်ခံပါသည်။
ရင်ပြင်တော်ပေါ်သို့ တက်ရောက်မည်ဆိုပါက ခြေအိတ်မဝတ်ရ၊ ဖိနပ်မစီးရ၊ စကတ်တို၊ ဘောင်းဘီတိုမဝတ်ရ၊ ရင်ဟိုက်၊ လည်ဟိုက်အင်္ကျီ မဝတ်ရ။
မယ်လမု စေတီတော်သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန်
(က) ဗုဒ္ဓ၏ အဆုံးအမများကို ပြခန်းပြတိုက်များမှ တဆင့် ပြန့်ပွားအောင် ဆောင်ရွက်နေကြောင်း။
(ခ) အမျိုးဂုဏ် ဇာတိဂုဏ် ကို ကိုယ်စားပြုရသော ပြခန်းများမှတဆင့် ပြန့်ပွားအောင် ဆောင်ရွက်နေကြောင်း။
(ဂ) ဗုဒ္ဓသာသနာ ထွန်းကားမှုအတွက် အဘိဓမ္မာပြန့်ပွားရေးအသင်းနှင့် အသျှင်အာနန္ဒာ စာကြည့်တိုက်တို့က အထောက်အပံ့ပြုလျက် ရှိနေပါကြောင်း။
(ဃ) ပြတိုက်ပြခန်းသဖွယ် စီမံပြသပြီး ဗုဒ္ဓ၏အဆုံးအမနှင့် ဗုဒ္ဓသာသနာထွန်းကားမှုအတွက် တိုက်ရိုက်နည်း သွယ်ဝိုက် နည်းတို့ဖြင့် ဖော်ညွှန်းမှုနှင့် ပြည်စုံပါကြောင်း ကြေငြာအပ်ပါသည်။

လှူဒါန်းမှုဆိုင်ရာများ


ရွှေသင်္ကန်းတော်ဆိုင်ရာ
ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များ ဆုတောင်းပြည့် မယ်လမုစေတီတော် ဥက္ကဌ ဦးလှကြည် ဦးဆောင်သော ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့တို့က (၃-၁၂-၂၀၂၃) ရက်နေ့တွင် လုပ်ငန်းလက်ခံသူ ဦးတင်ကိုကိုနှင့် လုပ်ငန်းအပ်နှံသူ ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ဝင်များက ရွှေသင်္ကန်းကပ်လှူရန် စာချုပ် ချုပ်ဆိုခဲ့ပါသည်။ ၎င်းစာချုပ်ပါ အချက်အလက်အတိုင်း (၅-၁၂-၂၀၂၃) ရက်နေ့တွင် စေတီတော်၏ ရွှေထီးတော် ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ဧည့်ခံလျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်နှင့် ဓမ္မစကြာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အားစတင်၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ပြီး ရွှေသင်္ကန်းကပ်လှူခြင်း လုပ်ငန်းများမှာ (၁၅-၂-၂၀၂၄) ရက်နေ့တွင် အောင်မြင်စွာပြီးစီးခဲ့ပါသည်။

ပန်းပင်များလှူဒါန်းမှုဆိုင်ရာ
စေတီတော်မြတ်ကြီးအား အလှပန်းမာလာများဖြင့် ဝေဝေဆာဆာအလှဆင်စိုက်ပျိုးပြီး ပူဇော်ဆောင်ရွက်မည်ဖြစ်ပါ၍ အလှူရှင်များအနေဖြင့် အလှပန်း၊ အပွင့်ပန်းများနှင့် သစ်ခွပန်းပင်များပန်းအလှအိုးများကို ဝတ္ထုကံမြေသာယာရေးဌာနသို့ လာရောက်လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်၍ ဖိတ်ခေါ်အပ်ပါသည်။

ဆီမီးလှူဒါန်းမှုဆိုင်ရာ
ဆီမီးခွက်များကို တစ်ခွက်လျှင် ၁၀၀/-ကျပ်နှုန်းဖြင့် အနည်းဆုံး ခွက်ရေ ၅၀၀မှစ၍ ကြိုတင်စာရင်းပေးလှူဒါန်းနိုင်ပါသည်။

လျှပ်စစ်မီး အလှူတော်ငွေနှုန်းထားများ
အထက်ပစ္စယံမီးတိုင် (၁၆)တိုင် = ၅၀၀၀ကျပ်
ရင်ပြင်တော် Aerial Mast မီးတိုင် (၅)တိုင် = ၅၀၀၀ကျပ်

ဧည့်လမ်းညွှန်ဆိုင်ရာ

မယ်လမု စေတီတော် ပရဝုဏ်အတွင်း ဧည့်လမ်းညွှန်များအဖြစ် လိုက်ပါဆောင်ရွက်ခြင်းများနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ချက်
- ဧည့်လမ်းညွှန်များသည် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ တရားဝင် လိုင်စင်ရရှိသူများသာလျှင် ဧည့်လမ်းညွှန်အဖြစ် လိုပ်ပိုင်ခွင့်ရှိသည်။
- ဧည့်လမ်းညွှန်လုပ်ငန်းဆောင်ရွက်နေချိန်အတွင်း သက်တမ်းရှိ လိုင်စင်ကတ်ပြားအား မြင်သာအောင်ချိတ်ဆွဲထားရမည်။
- မယ်လမုဘုရားပေါ်တွင် အခါအားလျှော်စွာ စစ်ဆေးရေးအဖွဲ့မှ လိုက်လံစစ်ဆေးပါက ကြည်ဖြူစွာ စစ်ဆေးခံရမည်။
- လိုင်စင်ရဧည့်လမ်းညွှန်မပါဘဲ အခြားအဖွဲ့အစည်းများအလိုက် ဘုရားပေါ်သို့ လာရောက် လေ့လာလိုပါက ရှင်းလင်းပြသမည့်သူသည် သက်ဆိုင်ရာအဖွဲ့အစည်းမှ တာဝန်ပေးအပ် ထားသူဖြစ်ကြောင်း အထောက်အထားအား စစ်ဆေးရေးအဖွဲ့သို့ ပြသနိုင်ရမည်။
အထက်ဖော်ပြပါ အချက်အလက်များလိုက်နာမှုမရှိသူများအား လိုင်စင်မဲ့ ဧည့်လမ်းညွှန်အဖြစ် သတ်မှတ်၍ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။