ဆုတောင်းပြည့်မယ်လမု ဘုရားဖူးလာကြသော အမျိုးသား အမျိုးသမီးများ ထိခြင်းငါးပါးနှင့် နှလုံးသွင်း ရှိခိုးနိုင်ရန်

ဩဝါဒကထာ

တိဋ္ဌန္တေ နိဗ္ဗုတေစာပိ သမေ စိတ္တေ သမံ ဖလံ

တိဋ္ဌန္တေ – မျက်မှောက်ထင်ထင် ဖူးမြင်ရသော သက်တော် ထင်ရှား မြတ်ဘုရား၌လည်းကောင်း

နိဗ္ဗုတေစာပိ – ပရိနိဗ္ဗာန်ဝင်စံကြွသွား မြတ်ဘုရား၌လည်းကောင်း

စိတ္တေ –  မိမိစိတ်သည် သမေ – တူမျှသည်ဖြစ်အံ့၊ သမံ – တူမျှသော

ဖလံ – အကျိုးကို၊ ဒေတိ – ပေးနိုင်၏။ (ဝိမာနဝတ္ထု ၆၆)

သို့အတွက်ကြောင့် ဘုရားဖူးလာကြသော သူတို့သည် ဆုတောင်းပြည့်မယ်လမုဘုရားဝင်းအတွင်းရှိ ရုပ်ပွားတော်များ စေတီတော်များကို သက်တော်ထင်ရှား မြတ်စွာဘုရားကြွလာသလို ဖူးမြင်တွေ့ရသလို နှလုံးသွင်းပြီး ရှိခိုးမယ်ဆိုရင် ကြီးကျယ်မြင့်မြတ်သော အကျိုးတရားများစွာ ရရှိနိုင်ပါသည်၊

မကောင်းမှုရှောင် ကောင်းမှုဆောင်

ဖြူအောင် စိတ်ကိုထား . . . “

            ဆုတောင်းပြည့်မယ်လမု ဩဝါဒါစရိယဆရာတော်

ဘဒ္ဒန္တကုမာရ