ဩဝါဒါစရိယဆရာတော် ဓမ္မရောင်ခြည်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ၏ဩဝါဒ

ဘုရားရှင်အလိုကျ ရှောင်ရမည့်ဩဝါဒ

တံ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ အနုတပ္ပတိ။

ယဿ အဿုမုခေါ ရောဒံ၊ ဝိပါကံ ပဋိသေဝတိ။

ယံ ကမ္မံ – အကြင်အမှုကို၊ ကတွာ- ပြု၍ ဝါ- ပြုခြင်းကြောင့်၊ အနုတပ္ပတိ၊ နောင်တ တဖန်ပူပန်ရ၏၊ တဿကမ္မဿ၊ ထိုအမှု၏၊ ဝိပါကံ- အကျိုးကို၊ အဿုမုခေါ- မျည်ရည်ယိုသော မျက်နှာရှိသည် ဖြစ်၍၊ ရောဒံ- ရောဒန္တော- ငိုကြွေးလျက်၊ ပဠိသေဝတိ- ခံစားရ၏၊ ကတံ- ပြုအပ်သော၊ တံကမ္မံ- ထိုအမှုသည်၊ န-သာဓု-မကောင်း။

 

ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူအပ်သော ရဟန်းရှင်လူအပေါင်းတို့ ရှောင်ရမည့် တရားဖြစ်ပါသည်။ အကြင်အမှုလုပ်ငန်းကို ပြုလုပ်ပြီးသည်ရှိသော် ပြုလုပ်ခြင်းကြောင့် ထိုအမှုကို ပြန်လည်ဆင်ခြင်လိုက်တဲ့အခါ နောင်တတဖန် ပူပန်ရမယ် အဲဒီအမှုရဲ့ အကျိုးကိုလဲ မျက်ရည်ရွှဲစို ငိုယိုလျက် ခံစားရမည်ဆိုရင် အဲဒီအမှုဟာ မကောင်းဘူးတဲ့၊ မပြုထိုက်တဲ့ လုပ်ငန်းဖြစ်တယ်လို့ မြတ်စွာဘုရား အကျဉ်းချုပ် မိန့်တော်မူထားပါတယ်။

ဆောင်ရမည့်ဩဝါဒ

တဥ္စ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ နာနုတပ္ပတိ။

ယဿ ပတီတော သုမနော၊ ဝိပါကံ ပဋိသေဝတိ။

ယံ ကမ္မံ- အကြင်အမှုကို ကတွာ- ပြု၍ ဝါ- ပြုခြင်းကြောင့်၊ နာနုတပ္ပတိ- နောင်တတဖန်မပူပန်ရ၊ ယဿကမ္မဿ- အကြင်အမှု၏ ဝိပါကံ အကျိုးကို ပတီတော နှစ်သက်မှုပီတိနှင့် ပြည့်စုံသည်ဖြစ်၍ သုမနော- ဝမ်းမြောက်မှုဖြစ်သော မနဿနှင့် ပြည့်စုံသည်ဖြစ်၍ ပဋိသေဝတိ- ခံစားရ၏၊ ကတံ- ပြုအပ်သော၊ တဥ္စကမ္မံ- ထိုအမှုသည်ကား၊ သာဓု- ကောင်း၏၊ ကတံ- ပြုအပ် ပြုသင့် ပြုထိုက်၏။

အကြင်အမှုလုပ်ငန်းမျိုးကို ပြုလုပ်ပြီးလို့ရှိရင် ပြန်လည်စဉ်းစားတဲ့အခါ နောင်တတဖန် မပူပန်ရဘဲ အဲဒီအမှုလုပ်ငန်းရဲ့ အကျိုးကျတော့ ပတီတော – သုမနော – နှစ်သက်မှုပီတိ – ဝမ်းမြောက်မှု သောမနဿ ဝေဒနာတွေဖြင့် အဲဒီကံရဲ့ အကျိုးကို နှစ်သက်ဝမ်းမြောက် ခံစားရတယ်၊ တဥ္စကမ္မံ ကတံ သာဓု အဲဒီလုပ်ငန်းဟာ ကောင်းတယ် အဲဒီလုပ်ငန်းမျိုးကို ပြုရမည်ဟု မြတ်စွာဘုရား မိန့်ကြားတော်မူခဲ့ပါတယ်။

ဒါကြောင့် ဆုတောင်းပြည့်မယ်လမုစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက ဒကာများ ဝန်ထမ်းများ ဈေးသည်များကို အစထား၍ ရဟန်းရှင်လူအားလုံး ဘုရားရှင်ရဲ့ ဩဝါဒအတိုင်း ရှောင်ရမည့်တရားမှ ရှောင်ကြဉ်ကြ၍ ဆောင်ရမည့်တရားကိုလည်း လိုက်နာဆောင်ရွက်ကြပါဟု ဆရာတော်က ဩဝါဒပြုပါတယ်။