သာကေတသူဌေးလင်မယား ဘုရားရှင်အား ဆွမ်းကပ်လှူပုံ

အသေးစိတ် အချက်အလက်များ

ဗုဒ္ဓသည် သာဝတ္ထိပြည်မှတဆင့် သာကေတသို့ ဒေသစာရီ လှည့်လည်၍ သာကေတ မြို့ထဲသို့ ဆွမ်းခံကြွသည်။ သာကေတတွင် ဥစ္စာပစ္စည်းကြွယ်ဝသော ပုဏ္ဏားလင်မယားရှိသည်။ သူတို့သည် ဘဝငါးရာက ဘုရားရှင်၏ မိဘတော်စပ်ခဲ့ကြဖူးသည်။ ဘုရားရှင် သာကေတမြို့သို့အဝင် မြို့ကထွက်လာသော သူဌေးနှင့် ဆုံမိသည်။ သူဌေးသည် ဗုဒ္ဓကို မြင်လျှင်မြင်ချင်း သားကဲ့သို့ ချစ်ခြင်းခံစားရပြီး ဘုရားရှင်ထံ ပြေးလာကာ သားကဲ့သို့ ပွေ့ဖက်နှုတ်ဆက်ပြီး မိမိအိမ်သို့ ဆွမ်းစားပင့်ဆောင်သည်။

ပုဏ္ဏေးမသူဌေးကတော်ကလည်း ဘုရားရှင်ကို မြင်ကတည်းကပင် သားကဲ့သို ချစ်ခြင်းခံစားရပြီး မိမိသည် သားကို အမြဲမျှော်လင့်တမ်းတနေမိသည်ဟုဆိုကာ ဘုရားရှင်၏ ခြေနှစ်ဖက်ကို ဆုပ်ကိုင်ကာ ငိုကြွေးလေသည်။

ထို့နောက် ဗုဒ္ဓနှင့် သံဃာများကို ဆွမ်းဘောဇဉ်အာဟာရတို့ဖြင့် ရိုသေစွာ ပြုစုလုပ်ကျွေးကြသည်။ ဘုရားရှင်၏ တရားကိုနာကြရာ သောတာပန်ဘဝသို့ ရောက်ကြလေသည်။