မယ်လမုဘုရားအတွင်းရှိ မူလ ဓမ္မာရုံကြီး

အသေးစိတ် အချက်အလက်များ

မူလဓမ္မာရုံကြီးတည်ဆောက်ခဲ့ခြင်းမှာ ကာလရှည်ကြာလှပြီဖြစ်၍ တိုင်များ၊ မျက်နှာကျက်များ အမိုးများ ပျက်စီးယိုယွင်းလာသဖြင့်၊ အထူးတလည် ပြုပြင်မွန်းမံရန် သဒ္ဓါထက်သန်သော အလှူရှင်များ ဖြစ်ကြသည့် (ဦးဘိုးထူး + ဒေါ်မြရှိန်) သား/သမီး၊ မြေး/မြစ်များ နှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ဆရာတော်ကြီးများ၏ လမ်းညွှန်မှု ခံယူလျက် အနီးကပ် ကြီးကြပ်ဆောင်ရွက်ခဲ့ရာ အသစ် တည်ဆောက်လိုက်သော ဓမ္မာရုံကြီးပမာ ထည်ဝါ တင့်တယ်စွာဖြင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် အလှူရှင်များ ကြည်နူးဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါသည်။
မယ်လမုဘုရားအတွင်းရှိ ဓမ္မာရုံကြီးတွင် နှစ်စဉ် နှစ်တိုင်း ဝါတွင်း/ ဝါပ ဥပုသ်သီလဆောက်တည်ခြင်း၊ ဝိပဿနာ (အလုပ်ပေး) တရားများ ဟောကြားချီးမြှင့်ခြင်း၊ အခါအားလျော်စွာ (၁၂) လရာသီပွဲတော် အခမ်းအနားများ ကျင်းပဆောင်ရွက်ခြင်း၊ စေတနာရှင် အလှူရှင်များမှ အခါအားလျော်စွာ အာဟာရဒါန ကျွေးမွေးလှူဒါန်းခြင်း များကိုလည်း ပြုလုပ်ဆောင်ရွက်ကြပါသည်။