ဗကဗြဟ္မာမင်းကိုအောင်မြင်ခြင်း

အသေးစိတ် အချက်အလက်များ

ဗကဗြဟ္မာမင်းသည် ပထမဈာန်ဘုံ၌ ဗြဟ္မာမင်း ဖြစ်သည်။ သူသည် အထက်၌ ဗြဟ္မာဘုံများရှိသည်ကို မသိ၍ သူ၏ ဘုံကိုပင် အမြင့်ဆုံးဟု မှတ်ထင်ကာ သူနှင့်တကွ သူ့ဌာနကိုလည်း နိစ္စ- အမြဲတည်ရှိနေသည်ဟု အယူရှိနေသည်။

ဗုဒ္ဓသည် ဗြဟ္မာပြည်သို့ ကြွတော်မူ၍ ဗြဟ္မာမင်းကို ဗြဟ္မာပရိသတ်အလယ်၌ သူ့အား ဤဘုံဌာနထက် သာလွန်သော အထက်ဘုံများရှိသေးကြောင်း ဤဘုံနှင့် ဗြဟ္မာတွေပါ မမြဲကြောင်းကို ရှင်းပြသည်။

ထိုနောက် ဗကဗြဟ္မာကိုပင် “သင်၏ ဖြစ်ပုံ၊ သင်၏ တန်ခိုးကြီးပုံကို ငါသိသည်၊ သင်ထက် တန်ခိုးကြီးသော အထက်ဗြဟ္မာများ ရှိသေးသည်” ဟုမိန့်တော်မူရာ သူယူဆထားသမျှအမှားချည်း ဖြစ်နေသောကြောင့် တန်ခိုးပြသည့်အနေဖြင့် ကိုယ်ဖျောက်မည်ဟု ပြော၍ ကိုယ်ဖျောက်လေလျှင် မပျောက်နိုင်ဘဲ ဖြစ်နေသောကြောင့် ဘုရားက ကိုယ်ဖျောက်ပြပြန်ရာ ထိုနေရာပင် ပျောက်သွား၍ ဗြဟ္မာမင်းက အရှုံးပေးရသည်။ ထို့နောက် ဘုရားရှင်က တရားဟောပြ ဆုံးမတော်မူသည်။