ကျောက်စာလေးမျက်နှာစေတီတော်

အသေးစိတ် အချက်အလက်များ

ပုပ္ပားဆောင်၏အရှေ့ စေတီတော်ကြီး၏ အနီးတွင် တည်ထားသော “ဝေယျာဝစ္စကုသိုလ်တော် ကျောက်စာစေတီ” သည် မြန်မာသက္ကရာဇ် ၁၃၃၀ ခုနှစ်မှ ၁၃၄၆ – ခုနှစ်၊ ၁၉၆၈ – မှ ၁၉၈၄ – ထိ (၁၆) နှစ်တာမျှ ဝေယျာဝစ္စ ကုသိုလ်ယူကာ ဆောင်ရွက်ခဲ့ကြသော ဦးသန်းထွန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် ဂေါပကအဖွဲ့၏ အဓိက ကျသော အမှတ်အသားတစ်ခု ဖြစ်ပါသည်။
အောက်ခြေတွင် လေးမျက်နှာပေါ်အောင် ကျောက်တိုင်ပုံစံပြု၍ အထက်မှ စေတီတည်ထားခြင်း ဖြစ်ပါသည်။ မျက်နှာစာများတွင် ဂေါပကအဖွဲ့ အမည်စာရင်း၊ ဆောင်ရွက်ခဲ့သည့် သာသနိကအဆောက်အဦ စာရင်း မှတ်တမ်းတင် ကမ္ပည်းကျောက်စာတို့ဖြစ်ပါသည်။
ထိုအရာများအနက် မှတ်သားဖွယ် ကမ္ပည်းကျောက်စာကို ဖော်ပြအပ်ပါသည်။