ဗောဓိညောင်ပင် အသေးစိတ် အချက်အလက်များ “ဗျာ ၊ ဖွား ၊ ပွင့် ၊ စံ ဤလေးတန်မှတ်ရန် ကဆုန်လပြည့်နေ့” သည် ဒီပင်္ကရာဘုရားထံ ဗျာဒိတ်ခံယူသောနေ့၊ ဘုရားအလောင်းနှင့် ဖွားဖက်တော်ခုနစ်ဦးဖွားသောနေ့၊ ဘုရားဖြစ်ပွင့်တော်မူသောနေ့၊ ဘုရားပရိနိဗ္ဗာန်စံတော်မူသောနေ့တို့ဖြစ်သည်။ဤနေ့ ရောက်တိုင်း ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဗောဓိညောင်ပင်အား နှစ်စဉ် ညောင်ရေသွန်းလောင်း ပူဇော်ကြပါသည်။